လွန်ခဲ့တဲ့နှစ်ပေါင်း ၆၄ နှစ် ခေတ်ဟောင်းကာလတစ်ခုရဲ့စွန့်စားခန်းတစ်ခုက မယုံကြည်နိုင်လောက်အံ့သြစရာ ကောင်းပါတယ်။
BSA M.20 ဆိုင်ကယ်တစ်စီးနဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံက အင်္ဂလန်ထိ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၃၅ နိုင်ငံကို ကျော်ဖြတ်နိုင်ခဲ့တာ အခုခေတ်အင်ဂျင်ပါဝါကောင်းတဲ့ ဆိုင်ကယ်တွေနဲ့မဟုတ်တော့ ယုံကြည်နိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်။
ဒါပေမယ့် ဒါတွေက တစ်ကယ်ဖြစ်ခဲ့တယ် တစ်ကယ်ရှိခဲ့တယ် စံချိန်တွေကို ချိုးဖြတ်ချင်လို့ မဟုတ်ပေမယ့်ဖြတ်သန်းရဲတဲ့ သတ္တိက အားကောင်းလွန်းပါတယ်။