ပြဿနာ ရုပ်ရှင် ရုံတင်ပြသရာမှ ရရှိခဲ့တဲ့ အမြတ်ငွေတွေမှ အချို့ကို နာမကျန်းဖြစ်နေတဲ့ သက်ကြီးအနုပညာရှင်များနှင့် ဇာတ်ပို့ ဇာတ်ရံများအတွက် လှူဒါန်းတဲ့ အခမ်းအနားကို မေလ ၂၅ ရက်က မြန်မာနိုင်ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
ပြဿနာ ရုပ်ရှင်အဖွဲ့သားများက နာမကျန်းဖြစ်နေသည့် သက်ကြီးအနုပညာရှင် ၃၉ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ လှူဒါန်းခဲ့ပြီး ၊ ဇာတ်ပို့ဇာတ်ရံများနှင့် ကိုလူချောအဖွဲ့တို့အတွက်လည်း အလှူငွေများ လှူဒါန်းခဲ့ကာ စုစုပေါင်း သိန်း (80)လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။