“မင်းတုန်းမင်းတြားကြီး လက်ထက် သူ့ကိုယ်ပိုင် ပိုင်တဲ့
ရေနံတွင်းကရတဲ့ ငွေနဲ့မင်းဆွေမင်းမျိုးတွေကို ထောက်ပံ့ကြေးပေးတာပါ။
တိုင်းပြည်ပိုင်တဲ့ဟာ မဟုတ်ပါဘူး။ အင်္ဂလိပ်လက်ထက်ရောက်တော့ သိမ်းလိုက်တယ်။
ပြီးတော့ ဦးနုလက်ထဲရောက်လာတယ်။ မင်းဆွေမင်းမျိုးတွေရဲ့ ထောက်ပံ့ကြေးက
ဦးနုလက်ထက်မှာ မရတော့ဘူး” လို့ လူကြီးပြောတာကြားဖူးတာကို ပြန်ပြောပြတဲ့
“မက္ခရာထိပ်တင်ဦး” ရဲ့ အတွေ့အကြုံတွေကို Milky Way Media ကနေ
ပရိသတ်တွေသိရှိနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။