အခုခေတ်က ကြိုးစားရင်ကြိုးစားသလို အောင်မြင်ဖို့လွယ်တယ်။ မဆင့်တို့ခေတ်က မတူဘူး။ တစ်ယောက်ပေါက်ပြီဆိုရင် ဒီတစ်ယောက်ကမြဲတယ်။ အခုခေတ်က သိပ်မခိုင်ဘူး။ ဒီကားအောင်မြင်ပြီး နောက်ကား အောင်မြင်ချင်မှအောင်မြင်တာ။ နောက်ကားမှာ နောက်မင်းသား မင်းသမီးတွေက ကောင်းနေပြန်ရော။ ဇာတ်လမ်းတွဲတွေက အခု ဒီဟာကြည့်ကောင်းတယ်ဆိုပြီး နောက်ဇာတ်လမ်းတွဲပေါ်လာရင် အရင်ဟာ မေ့သွားပြန်ရော။ တစ်ကားနဲ့တစ်ကား စွဲစွဲမြဲမြဲ မဟုတ်ဘူးလို့ ပြောလာတဲ့ ထပ်ဆင့်အကယ်ဒမီများရှင် မေသန်းနု