အန်တီဝါတို့ နှစ်ယောက်လုံးပါတဲ့ ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲက ကိုလိုနီခေတ် မြန်မာတို့ရဲ့ ယဉ်ကျေးမှုထုံးစံတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ ဒီဘက်ခေတ်ကလေးတွေ မမြင်ဖူးတဲ့ ရှေးအိမ်တွေကို တစုတဝေးထဲ မြင်ရမှာပါ။ ရေနံ့သာခင်ခင်ကြီးကို ခေတ်အဆက်ဆက်မှာ ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမယ့် အခုမှ ရိုက်ကူးနိုင်ခဲ့ကြတာပါ။ ဝတ္ထုကလည်း နာမည်ကြီးပြီးသားမလို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းတွဲဖြစ်လာမှာပါလို့ ပြောလာတဲ့ သရုပ်ဆောင် အောင်ခိုင် ၊ ဝါဝါအောင်တို့ ဇနီးမောင်နှံ