Connect with us

လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်

Entertainment

လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်

လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော် (Leshan Giant Buddha ) သည် ၂၃၃ ပေ (၇၁ မီတာ) ရှည်သည့် ကျောက်ဆင်းတု ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အရှည်ဆုံး ဗုဒ္ဓကျောက်ဆင်းတု ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မင်မြစ်နှင့် တာ့တုမြစ်တို့ ဆုံရာတွင် တည်ရှိပြီး ထန် မင်းဆက်ကာလ ၇၁၃ နှင့် ၈၀၃ အကြားတွင် တည်ခဲ့သည်။ ကျောက်ထရံကို မျက်နှာပုံစံ ထွင်းထုထားသည်။ ကျောက်ဆင်းတုသည် အော်မေတောင်နှင့် မျက်နှာချင်းဆိုင်ကာ တည်ရှိသည်။
မြစ်ရေသည် ရုပ်ပွားတော်၏ ခြေတော်များအောက်မှ စီးဆင်းလျက် ရှိသည်။ ရုပ်ပွားတော်သည် ၂၃၃ ပေ မြင့်မား၍ ဗုဒ္ဓမြတ်စွာဘုရား ထိုင်နေသည့်ပုံစံ ဖြစ်သည်။ လက်ချောင်းများသည် ဒူးခေါင်းပေါ်သို့ တင်ထားသည်။ ပခုံးများသည် ၂၈ မီတာ ကျယ်သည်။ အသေးဆုံးခြေသည်းသည် လူတစ်ယောက် အလွယ်တကူ ဝင်ထိုင်၍ ရအောင် ကြီးမားသည်။
လဲ့ဆန်းရုပ်ပွားတော် ရှိသည့် အော်မေတောင် သဘာဝနေရာကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ယူနက်စကိုက ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည်။ ဆင်ဟွာသတင်းအေဂျင်စီက ထိုဒေသရှိ တရုတ်နိုင်ငံရှိ သဘာဝနှင့် အမွေအနှစ်နေရာများ၊ လဲ့ဆန်းရုပ်ပွားတော်တို့သည် ရာသီဥတု၊ လေညစ်ညမ်းမှု၊ ခရီးသွားထူထပ်မှုတို့ကြောင့် ထိခိုက်လျက်ရှိသည်ဟု ဆိုသည်။ အစိုးရကမူ ပြန်လည်ထိန်းသိမ်းသည့် လုပ်ငန်းများဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။

Continue Reading
You may also like...
1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Entertainment

To Top