သမီးမိန်းကလေးရှိတဲ့ မိသားစုဝင်တိုင်း ကြည့်သင့်ပါတယ်
“ကလေးတစ်ယောက်အမေရဲ့ ဇာတ်ကြောင်းကို အဓိကထားရိုက်တာဖြစ်တဲ့အတွက်
အမျိုးသမီးဇာတ်ဆောင်တွေများတဲ့ ဇာတ်ကားတစ်ကား….။”
“အူဝဲ” အရမ်းပင်ပန်းရတဲ့ဇာတ်ကားပြီးတော့ အရမ်းလည်း ကြိုးစားထားတယ်။
ဒီဇာတ်ကားက ဇာတ်လမ်းရည်ရွယ်ချက်ကောင်းတဲ့ဇာတ်ကားတစ်ကား
အထူးသဖြင့် သမီးမိန်းကလေးရှိတဲ့ မိသားစုတိုင်း ကြည့်သင့်တယ်လို့
ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင် မေသန်းနုက ပြောခဲ့ပါတယ်။