Connect with us

အကယ်ဒမီတည်းဖြတ်ထူးချွန်ဆုရ အကယ်ဒမီ ဂျီသရီး အသညိးရောဂါဖြင့် ကွယ်လွန်

Local News

အကယ်ဒမီတည်းဖြတ်ထူးချွန်ဆုရ အကယ်ဒမီ ဂျီသရီး အသညိးရောဂါဖြင့် ကွယ်လွန်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၁၀၁၄ရုပ်ရှင်ဇာတ်ကားဖြင့်အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို ရရှိခဲ့သူ အကယ်ဒမီ ဂျီသရီး (G3)သည် အသည်းရောဂါဖြင့် နို၀င်ဘာ ၂၃ရက်က နံနက် ၁၁ နာရီဝန်းကျင်ခန့်က ကွယ်လွန်သွားခဲ့တယ်လို သိရပါတယ်။ အကယ်ဒမီ ဂျီသရီးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်သာရှိသေးတယ်လို သိရပါတယ်။
“ဟိုတလောကမှ ဆေးရုံက ဆင်းလာပြီးတော့ မနေ့က ညကမှ ဆေးရုံပြန်တက် ရတယ်။အသည်းကြီးလို ဆေးရုံတက်ရတာပါ။ ဒီနေ့ မနက်ပိုင်းက ဆုံးသွားတာပါ” ဟု ဖခင်ဖြစ်သူ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ) ကပြောသည်။
အကယ်ဒမီတည်းဖြတ်ထူးချွန်ဆုရ
ဂျီသရီး ( G3) သည် ၂၀၁၉ ၊ ၂၀၂၀ခုနှစ်နှင့်၂၀၂၂ ခုနှစ်များအတွက် သုံးနှစ်စာ မြန်မာ့ရုပ် ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို ကျော်ခိုင်စိုးနှင့် အတူ ၁၀၁၄ရုပ် ရှင်ဇာတ်ကားဖြင့် ရရှိထားတာလည်း ဖြစ်ပါတယ်။
လက်ရှိတွင် အကယ်ဒမီ ဂျီသရီးသည် ဖခင်ဖြစ်သူ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ)နှင့် အတူ ယောက်ျားကောင်း အတောင်နှစ်ဆယ် ရုပ်ရှင်ဇာတ်ကားတွင် တွဲဖက်ဒါရိုက်တာ တစ်ဦးအဖြစ် ပါ၀င် ရိုက်ကူးထားတယ်လို သိရသည်။
အကယ်ဒမီ ဂျီသရီးရဲ့ နာရေးကို နိုဝင်ဘာလ ၂၅ ရက်မှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို သိရပါတယ်။

Continue Reading
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Local News

To Top