“ထောင်တွေ တစ်ခုပြီးတစ်ခု ဆန္ဒပြမှုတွေက သွေးရိုးသားရိုးမှ
ဟုတ်ရဲ့ လားလို့  သံသယ ဖြစ်မိတယ်”
နိုင်ငံတော် သမ္မတက တတိယအကြိမ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပြီး ရက်ပိုင်းအတွင်း အကျဉ်းထောင် (၆)ခုမှာ အကျဉ်းသားတွေ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
အထင်ရှားဆုံး ဖြစ်ရပ်အဖြစ် ရွှေဘိုထောင်ဖြစ်စဉ်မှာ အကျဉ်းသား(၄)ဦး သေဆုံးခဲ့တာပါ။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က အခုလို အကြံပေးထောက်ပြထားပါတယ်။