Connect with us

အသက် ၉၃ နှစ်အရွယ်ရှိ အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ မအေးကြည် ကွယ်လွန်

Local News

အသက် ၉၃ နှစ်အရွယ်ရှိ အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ မအေးကြည် ကွယ်လွန်

 

အသက် ၉၃ နှစ်အရွယ်ရှိ အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ မအေးကြည်ဟာ ရန်ကုန်ဆေးရုံမှာ အောက်တိုဘာ ၁၀ ရက်က ကွယ်လွန်ခဲ့တယ်လို သိရပါတယ်။

“လူကြီးရောဂါဖြစ်နေတာကတော့ တော်တော်လည်း ကြာပါပြီ မနေ့ကဆုံးတာပါ။ အသက်အရွယ်လည်း ကြီးပြီလေ။ ဒီအသက်အရွယ်ထိနေနိုင်တာ မိသားစုတွေက ပြုစုစောင့်ရှောက်မှုကောင်းလိုပါ။ တချိုက သက်တမ်း ၇၀ ကျော်လောက်ပဲ နေကြရတာပါ။ ၉၃ နှစ်ဆိုတာ မိသားစုစောင့်ရှောက်မှုကောင်းလိုပါ။ ဦးတိုရဲ့ သဘင်ထဲမှာ သဘင်နာယကကြီးတစ်ဦးလည်းဖြစ်တယ်။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ပေါ့။ ဘဘဦး ရွှေနန်းတင်ဆုံးသွားပြီးနောက် အမေဒေါ်ရွှေလိပ်ပြာက အသက်အကြီးဆုံးပါ။ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ ပြည်သူ့အသည်းစွဲ အငြိမ့်မင်းသမီးတစ်ဦးဖြစ်တယ်။ သက်ရှင်ထင်ရှားရှိချိန်မှာ အသက် ၉၀ ပတ်ဝန်းကျင်လောက်မှာ ဥက္ကဋ္ဌ ကိုဖိုးချစ်ရဲ့အစီအစဥ်နဲ့ သဘင်လက်ဆင့်ကမ်းအမွေတွေကို ရိုက်ကူးခဲ့တယ်။ ဒီအတွက် အသက်အကြီးဆုံး ဂါရဝထားရတဲ့ သဘင်ရဲ့နာယကကြီးတစ်ဦး ကွယ်လွန်သွားတာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ရော ဦးတို လူမှုရေးအနေနဲ့ပါ အစားထိုးမရတဲ့ ဆုံးရှုးမှုတစ်ခုဖြစ်တယ်လို ရင်ထဲမှာလည်း ခံစားရပါတယ်  ”လို မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ဆိုပါတယ်။

အငြိမ့်မင်းသမီးကြီး ရွှေလိပ်ပြာ မအေးကြည်ရဲ့ နာရေးကို ရန်ကုန်မြို ဘောက်ထော်နေအိမ်ကနေ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီမှာ ထိန်ပင်သုသာန်မှာ သင်္ဂြိုလ်မယ်လို သိရပါတယ်။

#MilkyWayMedia

Continue Reading
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Local News

To Top