Connect with us

အစဉ်အလာကြီးမားခဲ့တဲ့ ခရိုအေးရှားအသင်း ယူရိုပြိုင်ပွဲကို အစောဆုံး နှုတ်ဆက်ရတော့မှာလား

Sports

အစဉ်အလာကြီးမားခဲ့တဲ့ ခရိုအေးရှားအသင်း ယူရိုပြိုင်ပွဲကို အစောဆုံး နှုတ်ဆက်ရတော့မှာလား

မနေ့က ကစားခဲ့တဲ့ အယ်လ်ဘေးရီးယားအသင်းကို အသည်းအသန်ကစားခဲ့ပြီး တစ်ဘက် နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့လို့ ရမှတ် တစ်မှတ်ရရှိခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်က အီတလီဖြစ်နေလို့ ခရိုအေးရှားတို့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ နီးစပ်ခဲ့ပါပြီ။
ပထမပွဲစဉ်မှာ စပိန်ကို ဂိုးပြတ်ရှုံးခဲ့ပြီး အယ်လ်ဘေးရီးအသင်းကို အနိုင်ရရှိမှသာ နောက်တစ်ဆင့် တက်ရောက်ဖို့အတွက် မျှော်လင့်ချက်ရှိမှာ ဖြစ်ပေမယ့် အယ်လ်ဘေးရီးအသင်းရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် သရေရလဒ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ တတိယနေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မိုဒရစ်တို့ အသက်အရွယ်ရလာပြီဆိုတာကို ပြသနေပါတယ်။
အယ်လ်ဘေးရီးယားအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ နိုင်ပွဲရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ပြိုင်ပွဲကနေလည်း နှုတ်ဆက်ရမယ့် အခြေအနေတွေနဲ့ရင်ဆိုင်နေရပါပြီ။
ဒါပေမယ့် အုပ်စုတတိယနေရာ ရခဲ့ရင်တော့ နောက်တစ်ဆင့်တက်နိုင်ချေ ရှိနေသေးတာကြောင့် ခရိုအေးရှားတို့ အီတလီကို ဂိုးပြတ်မရှုံးနိမ့်မှသာ မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။
See insights and ads
Boost post
All reactions:

13

Continue Reading
You may also like...
1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Sports

To Top