Connect with us

ဂိုးပြတ်နိုင်ပွဲ တစ်ပွဲထပ်ယူဖို့အသင့်ဖြစ်နေတဲ့ ဂျာမန်ဘီလူးကြီး

Sports

ဂိုးပြတ်နိုင်ပွဲ တစ်ပွဲထပ်ယူဖို့အသင့်ဖြစ်နေတဲ့ ဂျာမန်ဘီလူးကြီး

အဖွင့်ပွဲမှာ စကော့တလန်ကို ဂိုးပြတ်အနိုင်ယူထားခဲ့တဲ့ ဂျာမနီအသင်းအနေနဲ့ နောက်တစ်ဆင့်ကို စောစီးစွာ တက်ရောက်နိုင်ဖို့အတွက် ဟန်ဂေရီအသင်းကို အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ ဂိုးပြတ်အနိုင်ယူဖို့ အသင့်ရှိနေကြပါပြီ။
ပြီးခဲ့တဲ့ စကော့တလန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်မှာ မဟုတ်ဘူးလို့ နည်းပြ နာဂျယ်စမန်းက ပြောကြားထားပါတယ်။
လက်ရှိ အခြားအသင်းကြီးတွေထက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ ဂျာမနီအသင်းကတော့ရှုံးထွက်အဆင့်ကို စောစီးစွာတက်ရောက်နိုင်ဖို့အတွက် ဟန်ဂေရီအသင်းကို မဖြစ်မနေ အနိုင်ရရှိဖို့လိုအပ်နေပါတယ်။
ဒါ့ကြောင့် နည်းပြအပါအဝင် ကစားသမားတွေအားလုံး ဟန်ဂေရီနဲ့ပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ လိုချင်တဲ့အနိုင်ရလဒ် ရအောင် ကစားသွားမယ်လို့ နာဂျယ်စမန်းကပြောကြားထားပါတယ်။
ဂျာမနီအသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ နူအာကလည်း ပြိုင်ပွဲအပေါ် အပြည့်အဝအာရုံစိုက်ထားပြီး ဘယ်အသင်းကိုမှ လျော့တွက်လို့မရကြောင်း ၂၀၂၄ ယူရိုပြိုင်ပွဲ ပြီးဆုံးချိန်မှသာ လက်ရွေးစင်အသင်းနဲ့ အနာဂတ်ကို ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Continue Reading
You may also like...
1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Sports

To Top