Connect with us

နာမည်ကြီးအင်္ဂလန်တို့နိုင်ပွဲပျောက်ဆုံးခဲ့ပြီး စပိန်ကိုရှုံးခဲ့တဲ့ အီတလီ

Sports

နာမည်ကြီးအင်္ဂလန်တို့နိုင်ပွဲပျောက်ဆုံးခဲ့ပြီး စပိန်ကိုရှုံးခဲ့တဲ့ အီတလီ

ယမန်နေ့က ကစားခဲ့တဲ့ ယူရို၂ဝ၂၄ အုပ်စု ဒုတိယပွဲစဉ်တွေအပြီးမှာတော့ နာမည်ကြီးအင်္ဂလန်အသင်းက ဒိန်းမတ်အသင်းကို အနိုင်မယူနိုင်ခဲ့ပဲ သရေသာကစားနိုင်ခဲ့ပြီး ရောမသားတို့က လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စပိန်ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

အုပ်စု ဒုတိယပွဲအပြီးမှာ စပိန်အသင်းက နှစ်ပွဲဆက် အနိုင်နဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သလို အီတလီအသင်းကတော့ နောက်ဆုံး ပွဲစဉ်မှာ အစဉ်အလာကြီးမားတဲ့ ခရိုးအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ရောမသားတို့က ဒီပွဲစဉ်ကို သရေကျရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပေမယ့်လည်း ခရိုအေးရှားအသင်းက အနိုင်ရမှသာ နောက်တစ်ဆင့် အတွက် မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။

အုပ်စု(C)မှာတော့ အင်္ဂလန်အသင်းကနောက်ဆုံးပွဲစဉ်မှာ သရေကျရုံနဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့်လည်း ဒိန်းမတ်အသင်းကတော့ မဖြစ်မနေ အနိုင်ရမှသာ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲတွေကတော့ အကြိတ်အနယ်ရှိပြီး ယူရိုရဲ့အစဉ်အလာအတိုင်း အသင်းကြီးတွေရုန်းကန်ရမလား အသင်းတွေပဲ အသာစီးရယူနိုင်မလားဆိုတာကတော့ မကြာခင်အဖြေပေါ်တော့မှာပဲ ဖြစ်ပါတယ်။

 

Continue Reading
You may also like...
1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Sports

To Top