Connect with us

နောက်ဆုံး မိနစ်သွင်းဂိုးကြောင့် အရှုံးမပေးခဲ့ရသည့် အိမ်ရှင်

Sports

နောက်ဆုံး မိနစ်သွင်းဂိုးကြောင့် အရှုံးမပေးခဲ့ရသည့် အိမ်ရှင်

ယူရို ၂၀၂၄ အုပ်စု(က) နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင် ဂျာမနီတို့ရှုံးပွဲတွေ့ရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးမိနစ်ချေပဂိုးကြောင့် သရေကျခဲ့ပြီး အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဂျာမနီတို့ ပထမပိုင်းမှာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် VARကြောင့်ပယ်ဖျက်ခြင်းခံခဲ့ရပြီးနောက် ဆွစ်ဇာလန်အသင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။ပွဲချိန် ၂၈ မိနစ်မှာ ဆွစ်တို့ ဦးဆောင်ဂိုးရရှိပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ချေပဂိုးရရှိဖို့ ကြိုးစားခဲ့တဲ့ ဂျာမနီကို ဆွစ်ဇာလန်တို့ တန်ပြန်တိုက်စစ်တွေကတစ်ဆင့် ဒုက္ခပေးနိုင်ခဲ့တာကြောင့် ဂျာမနီတို့ တိုက်စစ်ကို ဖွင့်ကစားဖို့မရဲခဲ့ပါဘူး။
နောက်ဆုံးမိနစ်ကျမှသာ တိုက်စစ်မှူး Niclas ရဲ့ခေါင်းတိုက်ချေပဂိုးကြောင့် မရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အုပ်စုပွဲစဉ်အပြီးမှာ ဂျာမနီက ရမှတ် ခုနှစ်မှတ်နဲ့ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သလို ဆွစ်ဇာလန်အသင်းက ရမှတ် ငါးမှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Sports

To Top