Connect with us

အိမ်ထောင်ဖက်ရွေးနည်း

Knowledge

အိမ်ထောင်ဖက်ရွေးနည်း

နက္ခတ်ကိုသိဖို့အတွက် မြန်မာမွေးသက္ကရာဇ်ကို (၃) နှင့်စားပါ။
အကြွင်း (၁) ဖြစ်လျှင် နတ်နက္ခတ်ဖြစ်ပါသည်။
အကြွင်း (၂) ဖြစ်လျှင် လူနက္ခတ်ဖြစ်ပါသည်။
အကြွင်း (၀) ဖြစ်လျှင် (သို့) စားလို့ပြတ်ခဲ့လျှင် ဘီလူးနက္ခတ်ဖြစ်ပါသည်။
နတ်နက္ခတ်တွေက အမှန်တရားကိုတန်ဖိုးထားတက်သူများဖြစ်ကြပြီး စိတ်မာသူတွေဖြစ်ကြသည်။ တည်တည်ငြိမ်ငြိမ်နေထိုင်သူများဖြစ်ကြပေမဲ့ တစ်ခါတလေတဇွတ်ထိုးလုပ်တက်ကြသည်။ လူတွေကိုနူးနူးညံ့ညံ့ဆက်ဆံတက်ကြသည်။ အနုပညာကိုခုံမင်အားပေးတက်သည်။ အချစ်ဦးနဲ့ကွဲတက်ပြီး အိမ်ထောင်ဘက်ထက် သူငယ်ချင်းအပေါင်းအသင်းကို အချိန်ပိုပေးတက်သည်။
နတ်နက္ခတ်အချင်းချင်းထိမ်းမြားတဲ့အခါ အနာရောဂါကင်းပြီး ကျန်းကျန်းမာမာဖြင့်အသက်ရှည်တက်သည်။
နတ်နက္ခတ်နှင့် လူနက္ခတ်ထိမ်းမြားတဲ့အခါ အေးချမ်းပြီး ဥစ္စာပေါများတက်သည်။
နတ်နက္ခတ်နှင့် ဘီလူးနက္ခတ်များ ထိမ်းမြားရင် တင့်တောင်းတင့်တယ်နေရခြင်း ရန်သူတွေကိုအနိုင်ရခြင်း အရှိန်အဝါကျော်ဇောခြင်း ချမ်းသာခြင်းတို့ဖြစ်တက်သည်။
လူနက္ခတ်တွေက အေးအေးချမ်းချမ်းနေခြင်းကိုအထူးနှစ်သက်ကြသည်။ ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းကို စိတ်မပါ။ စူးစမ်းလေ့လာရတာကိုနှစ်သက်ပြီး အသစ်တွေတီထွင်နိုင်ကြသည်။ ဘဝမှာအတက်အကျများတက်သည်။ စကားပြောပြတ်ပြီး ဒုတ်ထိုးအိုးပေါက်ပြောတက်ကြသည်။ မထင်တဲ့အချိန်မှာအိမ်ထောင်ရက်သားကျတက်ကြသည်။
နတ်နက္ခတ်နှင့် လူနက္ခတ်ထိမ်းမြားတဲ့အခါ အေးချမ်းပြီး ဥစ္စာပေါများတက်သည်။
လူနက္ခတ်အချင်းချင်း ထိမ်းမြားလက်ထပ်ခဲ့ရင် တစ်ဦးအပေါ်တစ်ဦးကြင်နာပြီး ချမ်းသာသုခရတက်သည်။
နတ်နက္ခတ်နှင့် ဘီလူးနက္ခတ်များ ထိမ်းမြားရင် တင့်တောင်းတင့်တယ်နေရခြင်း၊ ရန်သူတွေကိုအနိုင်ရခြင်း၊ အရှိန်အဝါကျော်ဇောခြင်း၊ ချမ်းသာခြင်းတို့ဖြစ်တက်သည်။
ဘီလူးနက္ခတ်တွေက ဆုံးဖြတ်ချက်မြန်ဆန်ပြီး စိတ်ဓာတ်ပြင်းထန်လွန်းသူတွေဖြစ်သည်။ စွန့်စားခြင်းကို အထူးနှစ်သက်ကြပြီး တစ်ခုတည်းကိုထပ်ခါထပ်ခါလုပ်ရခြင်းကို အထူးပျင်းရိကြသည်။ သင်ကောင်းလျှင်ကျုပ်မဆိုးပါဆိုသည့်လူမျိုးများဖြစ်ကြပြီး ဘေးပတ်ဝန်းကျင်ကပြစ်တင်ဝေဖန်မှုတွေကို ဥပက္ခာပြုပြီးနေထိုင်ကြသည်။ အိမ်ထောင်ဘက်အကျိုးပေးတက်ပြီး ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာ ချမ်းသာကြွယ်ဝတက်သည်။
ဘီလူးနက္ခတ်အချင်းချင်းထိမ်းမြားတဲ့အခါ ဂုဏ်သတင်းကျော်ဇောချမ်းသာပြီး ရန်အပေါင်းကိုအနိုင်ရတက်သည်။
နတ်နက္ခတ်နှင့် ဘီလူးနက္ခတ်များ ထိမ်းမြားရင် တင့်တောင်းတင့်တယ်နေရခြင်း၊ ရန်သူတွေကိုအနိုင်ရခြင်း၊ အရှိန်အဝါကျော်ဇောခြင်း၊ ချမ်းသာခြင်းတို့ဖြစ်တက်သည်။
လူနက္ခတ်နှင့် ဘီလူးနတ်ထိမ်းမြားခဲ့ရင်တော့ ကွေကွင်းတက်သည်။ တနယ်တစ်ကျေးစီရောက်တက်ပြီး ဒုက္ခများတက်သည်။ လက်မထပ်ခင်အကြိမ်ကြိမ်စဉ်းစားပါ။

Continue Reading
You may also like...
Click to comment

You must be logged in to post a comment Login

Leave a Reply

More in Knowledge

  • Knowledge

    ဂေါ်ရခါးစစ်သည်တော်များရဲ့ ဖြစ်ရပ်မှန်

    By

    Unicode- မွေးရာပါ စစ်စိတ်ဓာတ်ထက်သန်ကြသူများ ဖြစ်ပြီး အရွယ်ရောက်တာနဲ့ နိုင်ငံတာဝန် ထမ်းဆောင်ရန် စစ်ထဲဝင်ကြရတဲ့ ဂေါ်ရခါးစစ်သားများ အကြောင်း…………. Zawgyi- မွေးရာပါ စစ်စိတ်ဓာတ်ထက်သန်ကြသူများ ဖြစ်ပြီး အရွယ်ရောက်တာနဲ့ နိုင်ငံတာဝန်...

  • Knowledge

    ဟိမ၀န္တာဆား

    By

    အရောင်အသွေးက ပန်းနုရောင် မာကျောပုံရပြီး သတ္တူမိုင်းတွင်းတွေလို ရှာဖွေရတဲ့ ဂုဏ်သတ္တိထူးကဲတဲ့ ဆားကို ဟိမ၀န္တာဆားလို့ အမည်တွင်ပါတယ်။

  • Business

    ရာဇ၀င်ထဲက အိမ်ရှေ့မင်းထန်းတော

    By

    ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသားလက်ထက်ကတည်းက အိမ်ရှေ့မင်းသွားရောက်လည်ပတ် တောကစားထွက်ရာ နေရာဖြစ်ပြီး ထန်းတောကိုလည်း အိမ်ရှေ့မင်းထန်းတောလို့ အမှည့်ခေါ်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

  • Knowledge

    ခွေးကိုက်တိုင်းလည်း ခွေးရူးရောဂါ မဖြစ်နိုင်ဘူး

    By

    ခွေးကိုက်တိုင်းလည်း ခွေးရူးရောဂါ မဖြစ်နိုင်ဘူး။ ခွေးတွေကို ရက်ရက်စက်စက် အဆိပ်ကျွေးသတ်တာကိုရပ်စေချင်တယ် ဆက်လက်ပြီး တိချစ်သူများအဖွဲ့ ကနေ ပြီးတော့ ခွေးကိုက်ခံရတဲ့ လူနာတွေကို ဆေးထိုးပေးတာတွေနဲ့ မြို့နယ်အလိုက် တာဝန်ယူမှုတွေ လုပ်ဆောင်ပေးမယ်လို့သိရပါတယ်။

  • Knowledge

    မလ်ဂစ်ဘ်ဆင်ရဲ့ လွတ်မြောက်ရေးအော်သံ

    By

    မလ်ဂစ်ဘ်ဆင်ရဲ့ Braveheart ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ရင်း အာဇာနည်လို့ ဘာလို့ခေါ်တွင်လဲ သဘောပေါက်ကြမှာပါ။ ၁၈-ရာစုကို အခြေတည်ပြီး စကော့တွေ အင်္ဂလိပ်လက်အောက်ခံ ကျွန်ဘဝက ရုန်းထွက်ဖို့ စကော့သူရဲကောင်း ဝီလျမ်ဝေါလေ့စ်...

To Top