Interview

AGD ဘဏ်၏ Green Fund NEXPERIENCE Finance Festival 2023 ပွဲ

Published on

AGD ဘဏ်၏ Green Fund NEXPERIENCE Finance Festival 2023 ပွဲအခမ်းအနားကြီးကို အောက်တိုဘာလ ၂၁ ရက်နေ့ တွင် မနက် ၉ နာရီမှ စတင်ပြီး ရန်ကုန်မြို့ရှိ မြန်မာပလာဇာ ( ပရိုမိုးရှင်းဧရိယာ ) တွင် Partnerများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
ပွဲတွင် လာရောက်သူတိုင်းအတွက် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမည့် ပထမဦးဆုံးသော QR Code ပါဝင်သည့် AGD ၏ Platinum Debit Card ကို မိတ်ဆက်ပေးခဲ့သည့်အပြင် အထူးခံစားခွင့်ရမယ့် offer များ၊ ခမ်းနားစွာကျင်းပခဲ့သည့် Partnership Signing Ceremony၊ အားလုံးကချစ်ခင်ရသော အထူးဧည့်သည်တော်များဖြစ်ကြသည့် MC Sann Htut၊​ Ko Thy Rayn Kyaw Moe + Ma Christina Lim တို့လည်းလာရောက်ခဲ့ကြပြီး အခြားသော ပျော်ရွှင် အပန်းပြေစေရန် ဖျော်ဖြေတင်ဆက်မှုများ၊ VR Station များ၊ ဂိမ်းအစီအစဉ်များစွာလည်း ရှိခဲ့ပါသည်။
 
အဆိုပါ ပွဲအခမ်းအနားကို ၂ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သိန်းပေါင်းများစွာ တန်ဖိုးရှိသောကူပွန်များကို မဲဖောက်ပေးမည့် Big Lucky Draw အစီအစဉ် နှင့် အခြားသော ကံစမ်းခွင့်များ၊ ဆုမဲပေါင်းများစွာ ဆက်ရှိသေးသည့်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့ တွင်လည်း မည်သူမဆို Myanmar Plaza Ground Floor (Promotion Area) ကို လာရောက်ပါဝင်နိုင်ပါသည်။
 
#MilkyWayMedia #Thebankthatgrowswithyou #GreenFund #NEXPERIENCE

Click to comment

Copyright © 2023 . Milky Way Media. No.50,Thit Yar Pin Road,23rd Ward,Thuwana VIP1,Thingangyun Township,Yangon,Myanmar.