ကျနော်အနေနဲ့ မရိုးသားမဖြူစင်တဲ့နည်းနဲ့ ပရိတ်သတ်တွေရဲ့အချစ်ပေါ့အောင်မလုပ်ပါဘူး။ Cover ဆိုမယ့်အစား ကိုယ်ပိုင်သီချင်းလုပ်ပါလားဆိုပြီး ဝေဖန်ကြတာရှိတာကြောင့် သီချင်းအသစ်တွေ ဆိုဖို့ လုပ်နေပါပြီ။ အောင်မြင်ပြီးသား သီချင်းတွေကို ဆိုလို့ သီချင်းကို လူသိကြတာဖြစ်ပါတယ်။ ကျနော့်အနေနဲ့က ဆရာကြီးထူးအိမ်သင်နဲ့ နှိုင်းဖို့မပြောနဲ့ ဆရာကြီးစီးတဲ့ ဖိနပ်အဆင့်လောက်တောင်မရှိတာမလို့ အောင်ကိုကိုအဖြစ်နဲ့ပဲ အားပေးကြပါဆိုပြီး အနော်ရထာပန်းချီပြခန်းမှာကျင်းပတဲ့ “အေးမေတ္တာ မသန်စွမ်းရိပ်မြုံ”က ကလေးငယ်တွေရဲ့ ပန်းချီနဲ့လက်မှု အနုပညာပြပွဲကိုတက်ရောက်လာရင်း အင်တာဗျူးဖြေကြားခဲ့တဲ့ အောင်ကိုကို