Sports

ယူရို၂၀၂၄ ပြိုင်ပွဲ ၁၆သင်း ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့သည့် အသင်းများထွက်ပေါ်လာ

Published on

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ယူရိုပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်တွေအပြီးမှာတော့ အိမ်ရှင် ဂျာမနီ၊စပိန်၊အီတလီ၊ဆွစ်ဇလန်နဲ့ ပေါ်တူဂီ အသင်းတို့က နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ယနေ့ညမှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အသင်းတွေထပ်မံထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။ဒီနေ့ညပွဲစဉ်တွေမှာ တော့ ဝေဖန်မှုတွေခံနေရတဲ့ အင်္ဂလန်အသင်းက ဆလိုဗေးနီးယား၊ဒိန်းမတ်နဲ့ဆားဘီးယား ၊အုပ်စု(D)ရဲ့ ပွဲစဉ်တွေအဖြစ် ပြင်သစ်နဲ့ ပိုလန်၊နယ်သာလန်နဲ့ သြစတြီးယားအသင်းတို့ တွေ့ဆုံနေပါတယ်။

လက်ရှိမှာ နောက်တစ်ဆင့်ကို တက်ရောက်ထားတဲ့အသင်းတွေထဲမှာမှ အီတလီနဲ့ ဆွစ်ဇာလန် အသင်းတို့ ပွဲစဉ်သာ ထွက်ပေါ်ထားပြီး ကျန်အသင်းတွေရဲ့ ပြိုင်ဘက်တွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဂျာမနီ၊စပိန်နဲ့ ပေါ်တူဂီတို့က အမှားအယွင်းမရှိ နောက်တစ်ဆင့် တက်ရောက်ထားနိုင်ပြီး ရေပန်းစားနေတဲ့အသင်းတွေပဲ ချန်ပီယံဖြစ်မလား ဒါမှမဟုတ် ရေပန်းမစားတဲ့ အသင်းတွေကပဲ ချန်ပီယံဖြစ်သွားမလားဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲစဉ်တွေနဲ့ ဆက်လက်စောင့်ကြည့်ပြီး ရင်ခုန်ရမှာပေါ့…။

1 Comment

Copyright © 2023 . Milky Way Media. No.50,Thit Yar Pin Road,23rd Ward,Thuwana VIP1,Thingangyun Township,Yangon,Myanmar.