Local News

သရုပ်ဆောင် ခိုင်သင်းကြည်က ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်း

Published on

သရုပ်ဆောင် ခိုင်သင်းကြည်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စီစဥ်ကျင်းပမယ့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်းကို စက်တင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ဟာ ခိုင်သင်းကြည်ရဲ့ မွေးနေ့လည်းဖြစ်ပြီး မိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း သမီးဖြစ်သူ စံထိပ်ထားဦးရဲ့ Facebook အကောင့်ကနေ မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။ လက်ရှိမှာ ခိုင်သင်းကြည်ဟာ အဆုတ်ကင်ဆာဝေဒနာခံစားနေရတဲ့ ဖခင်ဖြစ်သူကို အနီးကပ်ကိုယ်တိုင်ပြုစုနေတာဖြစ်တဲ့အတွက် အနုပညာအ လုပ်တွေကို ရပ်နားထားတယ်လို့လည်း သိရပါတယ်။

8 Comments

Copyright © 2023 . Milky Way Media. No.50,Thit Yar Pin Road,23rd Ward,Thuwana VIP1,Thingangyun Township,Yangon,Myanmar.