၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့က ရန်ကုန်မြို၊ Pan Pacific Hotel မှာ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (Myanmar Women Entrepreneurs’ Association) နဲ့ မိတ်ဖက်အဖွဲ့အစည်းများကြား နားလည်မှု စာချွန်လွှာရေးထိုးပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ မြန်မာအမျိုးသမီးများရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်ပြီး နိုင်ငံတကာအထိ ထိုးဖောက်နိုင်စေဖို့အတွက်ကို ရည်ရွယ်ပြီး Milky Way Group of Companies, Cyber King Institute , DBU International Collage, Myanma Tourism Bank, Myanmar Garment Manufacturers Association , Myanmar Youth Fellowship တို့က မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (Myanmar Women Entrepreneurs’ Association) နဲ့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (Myanmar Women Entrepreneurs’ Association) ဟာဆိုရင် ၁၉၉၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မြန်မာအမျိုးသမီးလုပ်ငန်းရှင်များ စီးပွားရေးစွမ်းဆောင်ရှင်များ အပါအဝင် အလွှာအသီးသီးမှ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ပံ့ပိုးကူညီပေးနေတဲ့ အသင်းကြီးလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မိတ်ဖက် အဖွဲ့အစည်းများစွာနဲ့ ချိတ်ဆက်ပြီး အမျိုးသမီးများရဲ့ ဘဝ၊ မိသားစုနှင့်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်စွမ်း၊ စွန့်ဦးတီထွင်စွမ်းဆောင်နိုင်စွမ်း နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်နိုင်စွမ်းတို့ကို တန်ဖိုးထား မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။