Entertainment

Myanmar Idol Season-4

Published on

Myanmar Idol Season (4) ပြိုင်​ပွဲမှာ နိုင်​ငံခြားမှာ ​ရောက်​​နေတဲ့ မြန်​မာနိုင်​ငံသား​တွေကို ယှဉ်​ပြိုင်​ခွင့်​မပြုဘူးလို့ ရန်​ကုန်​မြို့  Novotal Hotelမှာ ဇွန်​လ (12)ရက်​က ပြုလုပ်​တဲ့ သတင်းစာရှင်းလင်းပွဲမှာ ​ပြောကြားခဲ့ပါတယ်​။
Myanmar Idol Season 4 ပြိုင်ပွဲအတွက် လာမယ့် ဇွန်လ ၁၅ရက်ကစပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြိုင်ပွဲဝင်တွေကို အသံစတင် စစ်ဆေးသွားတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်​ငံသား​တွေရဲ့ စိတ်​ဝင်စားမှုအများဆုံးရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol Season 4 အတွက် လူတွေ့ အသံစစ်ဆေးတာတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနဲ့ ဘားအံမြို့တွေမှာ ပြုလုပ်သွားမှာပါ။
Myanmar Idol Season (4)ရဲ့ အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ် တာဝန်ယူကြမယ့် အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အောင်ကိုလတ်တို့ ၃ ဦးကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
Myanmar Idol Season 1 မှာ Winner အဖြစ် စောလားထော်ဝါး၊ Season 2 မှာ Winner အဖြစ်သားငယ်၊ Season 3 မှာတော့ Winner အဖြစ် ဖြိုးမြတ်အောင်တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

Click to comment

Copyright © 2023 . Milky Way Media. No.50,Thit Yar Pin Road,23rd Ward,Thuwana VIP1,Thingangyun Township,Yangon,Myanmar.