ကားမောင်းတာက သင်တော့သင်ထားတယ်။ ကိုယ်ပိုင်ကားမရှိသေးတော့ အဲ့လောက်ကြီး မမောင်းတတ်သေးဘူး။ ဖြစ်ချင်တော့ ကားနဲ့လိုက်တိုက်ရတဲ့အခန်း၊ မောင်းရတာကလည်း EV ကားကြီးဖြစ်နေတယ်။ ဇာတ်ကားထဲမှာ မအိချောပုံနဲ့ ဆုံတဲ့အခန်းတွေများတယ်။ သူ့ကိုချစ်တဲ့ မျက်လုံးနဲ့ကြည့်ပြီး အကုန်ပေးဆပ်ရတဲ့ပုံစံမျိုးပါ။ အကုန်လုံးလည်း သိတဲ့အတိုင်းပဲ “အိချောပို” ပဲလေ။ တကူးတကကြီး လုပ်ယူစရာတော့မလိုဘူး။ Mood သွင်းရတာ လွယ်ပါတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် နေ့သစ်အေးအောင်