Connect with us

ပဲခူးမြိုရှိ ရေဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း ခဲ့တဲ့ Saviours Foundation Myanmar

Interview

ပဲခူးမြိုရှိ ရေဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း ခဲ့တဲ့ Saviours Foundation Myanmar

Saviours Foundation Myanmar ဟာ ရေကြီးမှုဒဏ်ခံစားနေရတဲ့ ပဲခူးမြိုက ဒေသခံပြည်သူတွေဆီကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်က သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလှူဒါန်းမှုကို Saviours Foundation Myanmar ရဲ့ Founder ဖြစ်သူ၊ 1st Milky Way Group of Company ရဲ့ CEO ဦးမျိုးသော် ကိုယ်တိုင် လိုက်ပါ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
 
ဒီအလှူမှာ ရေကြီးမှုဒဏ်ကို ဆက်လက်ခံစားနေရဆဲ နေရာတွေဖြစ်တဲ့ ပဲခူးမြိုက ကျောက်ကြီးစု၊ အုတ်စက်နဲ့ စီမံကိန်း ရပ်ကွက်တွေက အိမ်ထောင်စု ၅၀၀ နီးပါးအတွက် စားသောက်ကုန်၊ ဆေးဝါး၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို လိုက်လံဝေငှလှူဒါန်းခဲ့တာဖြစ်ပါတယ်။
 
ဒီလှုဒါန်းမှုကို  Saviours Foundation Myanmar နဲ့ စေတနာရှင်အလှူရှင်များက ပါဝင်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ Saviours Foundation Myanmar ဟာ လိုအပ်တဲ့ နေရာဒေသတွေနဲ့ ပြည်သူတွေအတွက် တတ်အားသ၍ လှူဒါန်းကူညီမှု ပြုလုပ်ပေးနေတဲ့ လူမှုအကျိုးပြု အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။
 
#MilkyWayMedia #SavioursFoundationMyanmar #Bago #donation #myothaw

Continue Reading
You may also like...
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Interview

To Top