Connect with us

မန်ယူနဲ့ဘာကာ ချန်ပီယံလိဂ်မှာ ဘယ်သူအောင်ပွဲခံမလဲ?

Sports

မန်ယူနဲ့ဘာကာ ချန်ပီယံလိဂ်မှာ ဘယ်သူအောင်ပွဲခံမလဲ?

လာမည့် ဧပရယ်လ ၁၁ရက်နေ့မှာတော့ အင်္ဂလန်ကလပ် မန်ယူနဲ့ အင်အားကြီးစပိန်အသင်း ဘာစီလိုနာတို့ မန်ယူရဲ့အိမ်ကွင်း အိုးထရက်ရှ်ဖို့ဒ်မှာ ကွားတားအဆင့် ပထမအကျော့ စတင်ယှဉ်ပြိုင်ကစားရမှာပါ။ အစဉ်အလာကြီးမားတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုတွေမှာ အနီးစပ်ဆုံး သုံးရာသီတွေ့ဆုံမှုအနေနဲ့ ၂၀၀၇၊၂၀၀၈ အကြိုဗိုလ်လုပွဲမှာ မန်ယူက အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ပေါင်း (1-0) နဲ့နိုင်ခဲ့ပါတယ်။၂၀၀၈၊၂၀၀၉ ဗိုလ်လုပွဲမှာ ဘာစီလိုနာက( 2-0) နဲ့နိုင်ခဲ့ပြီး ၂၀၁၀၊၂၀၁၁ မှာလည်း ဘာစီကပဲ (3-1)နဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ 1984 ခုနှစ်ကနေအစပြုခဲ့တဲ့ သူတို့နှစ်သင်းရဲ့ ယှဉ်ပြိုင်မှုတွေက အကြိတ်အနယ်ရှိလှပီး ရလဒ်ပိုင်းအနေနဲ့ကတော့ ဘာစီကနည်းနည်း အသာစီးရခဲ့ပါတယ်။ အပြန်အလှန်အနိုင်ယူမှုတွေနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုယူခဲကြတဲ့အသင်းတွေဖြစ်လို့ ဒီနှစ်ရာသီ ကွာတားအဆင့်တွေ့ဆုံမှုကလည်း ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေကို ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။ ကစားသမားရှုထောင့်ကဆို ဘာစီရဲ့လူစွမ်းကောင်း မက်ဆီရဲ့ခြေစွမ်းကို စောင့်ကြည့်ရမှာဖြစ်သလို မန်ယူရဲ့ ရက်ဖို့ရှ် တို့လိုလူငယ် ကစားသမားတွေရဲ့ အင်အားကိုလည်း စိတ်ကူးကြည့်ရမှာဖြစ်ပါတယ်။ နောက်တန်းမှာတော့ ဘာစီရဲ့ ခံစစ်ခြေစွမ်းက မန်ယူထက် တည်ငြိမ်နေတာပါ။မန်ယူရဲ့စိုးရိမ်စရာတစ်ခုက ကစားသမားတွေရဲ့ ဒဏ်ရာ ဖြစ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ထူးခြားတာတစ်ခုက ယခုနှစ် မန်ယူအနေနဲ့ ပီအက်စ်ဂျီကို ဒုတိယအကျော့မှာ နှစ်ကျော့ပေါင်း သရေ၊အဝေးဂိုးအားသာမှုနဲ့ အတူနောက်ကောက်ချနှိုင်ခဲ့တာပါ။အဲ့ဒီပွဲမှာ မန်ယူက အဓိက ကစားသမားတွေ ဒဏ်ရာရချိန်မှာ လူငယ်တွေနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ မန်ယူရလဒ်ကောင်းလာပေမယ့် ပြီးခဲ့တဲ့နှစ်ပွဲမှာ မန်ယူရဲ့ယာယီနည်းပြ ဆိုးလ်ရှားက ရှုံးပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက ပုံမှန်အတိုင်းအနိုင်ရဖို့ရှိပီး မန်ယူကတော့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြနှိုင်မှုကို ကြည့်ရမှာပဲဖစ်ပါတယ်။

#MilkyWayMedia #YourMediaYourPleasure

Click to comment

You must be logged in to post a comment Login

Leave a Reply

More in Sports

  • Sports

    မြန်မာအသင်းနှင့်တောင်ကိုရီးယားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ

    By

    ကိုရီးယား K-Leage အသင်း ပိုဟန်စတီးလားနဲ့ မြန်မာမြေမှာ့ခြေစမ်းပွဲ နှစ်ပွဲကစားမှာဖြစ်ပါတယ် ။ ပထမပွဲက ဧရာဝတီယူနိုက်တက် အသင်းနဲ့ (၂၈-၅-၂၀၁၉) ညနေ(၅) နာရီမှာ ကစားမှာဖြစ်ပြီး ဒုတိယပွဲအနေနဲ့ မြန်မာယူ...

  • Lifestyle

    (၁၉)နှစ် လူငယ်လေးတစ်ယောက်ရဲ့ အိပ်မက် (Sport & Life)

    By

    မြန်မာ့လက်ရွေးစင် အသင်းမှာပါဝင်နိုင်ဖို့ ကြိုးစားလေ့ကျင့်နေတဲ့ ဘယ်တောင်ပံတိုက်စစ်မှူးလူငယ်လေးတစ်ယောက် အကြောင်း လက်ရှိမှာတော့ တက္ကသိုလ်ဘောလုံးအသင်းမှာကစားနေတာဖြစ်ပြီး အသင်းအတွက် ဆုတံဆိပ်ရတဲ့အထိစွမ်းဆောင်နိုင်တဲ့သူ…. Milky Way Media ရဲ့အပတ်စဉ်ထုတ်လွင့်နေကျ SPORTS & LIFE...

  • Sports

    ဒုတိယအကြိမ်နိုင်ငံဂုဏ်ဆောင်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်

    By

    ငယ်ရွယ်မှုနဲ့စိတ်အားထက်သန်မှုတွေက သူ့အတွက် အားအင်သစ်တွေဖြစ်လာတယ်” ပထမဆုံးပြိုင်ပွဲဝင်ချိန်မှာပဲ ချန်ပီယံဆုကိုရရှိခဲ့တဲ့သူ”…… “ဒုတိယအကြိမ်ချန်ပီယံဆုကိုဆွတ်ခူးနိင်ဖို့အတွက်ကြိုစားနေတဲ့သူတစ်ယောက်…” ကရာတေးပညာကို အပြင်းအထန်လေ့ကျင့်နေတဲ့ ကစားသမားလေး “အောင်ကောင်းမြတ်” အကြောင်းကို Milky Way Media ရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့...

  • Sports

    Vitacap Smart & Strong Challenge 2019

    By

    Vitacap မှ ကျင်းပတဲ့ ပထမဆုံးအကြိမ် အထူးခြားဆုံးနဲ့ ရေပေါ်ကစားနည်းကိုရန်ကုန် Waterboon မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။Vitacap အခွန်လေးနဲ့ လာရောက်ပြီးစာရင်းပေးသွင်းပြီး ကစားနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးMilky Way Media...

  • Local News

    “ပူလောင်တဲ့ရာသီဥတုမှာ ရေငုတ်ကြမယ်”

    By

    “ပူပြင်းတဲ့ နွေရာသီကာလမှာ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေကြတဲ့သူတွေများမယ်ထင်ပါတယ်။ ကြည်စိမ်းနေပြီး ပင်လယ်ပြင်အောက်က အလှတရားတွေကို အပြည့်အ၀ခံစားနိုင်ဖို့” Milky Way Media မှ ကမ်းခြေတစ်ခုမှာရှိတဲ့ ကျွန်းတစ်ကျွန်းက အလှတရားတွေအကြောင်းကို ပရိသတ်များကြည့်ရှုနိုင်ဖို့အတွက်...

To Top