Sports

မန်ယူနဲ့ဘာကာ ချန်ပီယံလိဂ်မှာ ဘယ်သူအောင်ပွဲခံမလဲ?

Published on

လာမည့် ဧပရယ်လ ၁၁ရက်နေ့မှာတော့ အင်္ဂလန်ကလပ် မန်ယူနဲ့ အင်အားကြီးစပိန်အသင်း ဘာစီလိုနာတို့ မန်ယူရဲ့အိမ်ကွင်း အိုးထရက်ရှ်ဖို့ဒ်မှာ ကွားတားအဆင့် ပထမအကျော့ စတင်ယှဉ်ပြိုင်ကစားရမှာပါ။ အစဉ်အလာကြီးမားတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုတွေမှာ အနီးစပ်ဆုံး သုံးရာသီတွေ့ဆုံမှုအနေနဲ့ ၂၀၀၇၊၂၀၀၈ အကြိုဗိုလ်လုပွဲမှာ မန်ယူက အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ပေါင်း (1-0) နဲ့နိုင်ခဲ့ပါတယ်။၂၀၀၈၊၂၀၀၉ ဗိုလ်လုပွဲမှာ ဘာစီလိုနာက( 2-0) နဲ့နိုင်ခဲ့ပြီး ၂၀၁၀၊၂၀၁၁ မှာလည်း ဘာစီကပဲ (3-1)နဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ 1984 ခုနှစ်ကနေအစပြုခဲ့တဲ့ သူတို့နှစ်သင်းရဲ့ ယှဉ်ပြိုင်မှုတွေက အကြိတ်အနယ်ရှိလှပီး ရလဒ်ပိုင်းအနေနဲ့ကတော့ ဘာစီကနည်းနည်း အသာစီးရခဲ့ပါတယ်။ အပြန်အလှန်အနိုင်ယူမှုတွေနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုယူခဲကြတဲ့အသင်းတွေဖြစ်လို့ ဒီနှစ်ရာသီ ကွာတားအဆင့်တွေ့ဆုံမှုကလည်း ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေကို ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။ ကစားသမားရှုထောင့်ကဆို ဘာစီရဲ့လူစွမ်းကောင်း မက်ဆီရဲ့ခြေစွမ်းကို စောင့်ကြည့်ရမှာဖြစ်သလို မန်ယူရဲ့ ရက်ဖို့ရှ် တို့လိုလူငယ် ကစားသမားတွေရဲ့ အင်အားကိုလည်း စိတ်ကူးကြည့်ရမှာဖြစ်ပါတယ်။ နောက်တန်းမှာတော့ ဘာစီရဲ့ ခံစစ်ခြေစွမ်းက မန်ယူထက် တည်ငြိမ်နေတာပါ။မန်ယူရဲ့စိုးရိမ်စရာတစ်ခုက ကစားသမားတွေရဲ့ ဒဏ်ရာ ဖြစ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်။ထူးခြားတာတစ်ခုက ယခုနှစ် မန်ယူအနေနဲ့ ပီအက်စ်ဂျီကို ဒုတိယအကျော့မှာ နှစ်ကျော့ပေါင်း သရေ၊အဝေးဂိုးအားသာမှုနဲ့ အတူနောက်ကောက်ချနှိုင်ခဲ့တာပါ။အဲ့ဒီပွဲမှာ မန်ယူက အဓိက ကစားသမားတွေ ဒဏ်ရာရချိန်မှာ လူငယ်တွေနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ မန်ယူရလဒ်ကောင်းလာပေမယ့် ပြီးခဲ့တဲ့နှစ်ပွဲမှာ မန်ယူရဲ့ယာယီနည်းပြ ဆိုးလ်ရှားက ရှုံးပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက ပုံမှန်အတိုင်းအနိုင်ရဖို့ရှိပီး မန်ယူကတော့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြနှိုင်မှုကို ကြည့်ရမှာပဲဖစ်ပါတယ်။

#MilkyWayMedia #YourMediaYourPleasure

Click to comment

Copyright © 2023 . Milky Way Media. No.50,Thit Yar Pin Road,23rd Ward,Thuwana VIP1,Thingangyun Township,Yangon,Myanmar.