Connect with us

ရုပ်ရှင်ရိုက်ကူးရန်အတွက် အထူးထုတ်လုပ်ထားသော Cinema EOS ကင်မရာများကို Canon မိတ်ဆက်

Event

ရုပ်ရှင်ရိုက်ကူးရန်အတွက် အထူးထုတ်လုပ်ထားသော Cinema EOS ကင်မရာများကို Canon မိတ်ဆက်

ရုပ်ရှင်ကားများရိုက်ကူးရန်အတွက် အထူးထုတ်လုပ်ထားသော Cinema EOS ကင်မရာများကို Canon မှ မိတ်ဆက်ပြသသွားခဲ့ပြီး လက်တွေ့စမ်းသပ်မှုများလည်း ပြုလုပ်နိုင်ရန်စီစဉ်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါအခမ်းအနား၌ အခြားသောရုပ်ရှင်ကင်မရာကဲ့သို့ 4K HD ရိုက်ကူးနိုင်သော Canon Cinema C200 ကိုလည်း ပြသွားခဲ့သည်။

ထို 4K HD ကင်မရာများမှာ တစ်စက္ကန့်လျှင် 120 fps အထိရိုက်ကူးနိုင်ပြီး ဗီဒီယိုဖိုင်များတည်းဖြတ်ရာတွင်လည်း Full HD (1080 Mega Pixel) ထက် ၄ ဆကျော် ပိုမိုရုပ်ထွက်ကောင်းမွန် ကြည်လင်ပြတ်သားကာ ကြည့်ရှုသူများကို ပြင်ပတွင်မြင်တွေ့ရသည့်အတိုင်းခံစားစေရမည်ဟု Canon မှဆိုပါသည်။

Canon Cinema EOS Experience အခမ်းအနားတွင် အလင်္ကာကျော်စွာဘွဲ့ရ ရုပ်ရှင်ဒါရိုက်တာထပ်ဆင့် အကယ်ဒမီ ပန်းချီစိုးမိုးကလည်း Canon Cinema C200 ဖြင့်ရိုက်ကူးထားသာ ဗီဒီယိုကိုပြခဲ့ပြီး ရိုက်ကူးရာတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ကင်မရာပါလုပ်ဆောင်နိုင်စွမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းကင်မရာကို အခမ်းအနားပြုလုပ်သည့် သြဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ တစ်လအတွင်းဝယ်ယူမည့် သူများအတွက် အထူးဈေးနှုန်းအဖြစ် ကန်ဒေါ်လာ ၆၃၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့် အခြားမြို့များရှိအရောင်းဆိုင်များတွင်လည်း ရောင်းချပေးသွားမည်ဟု သိရသည်။

ထို့အပြင် Canon EOS C300Mk2, Canon XF705, Canon XF405, Canon XF400, Canon XA55, Canon XA50, Canon XA40, Canon XA15 နှင့် Canon XA11 တို့ကိုလည်း အထူးဈေးနှုန်းဖြင့် ရောင်းချပေး သွားမည်ဟု သိရသည်။

#MilkyWayMedia#Canon#ProductLaunch

Click to comment

You must be logged in to post a comment Login

Leave a Reply

More in Event

To Top